Laminate ကပ်ရင် ဘယ်လိုကော် (Adhesives) အမျိုးအစားက အသင့်တော်ဆုံးလဲ?  

Laminate ကပ်တဲ့နေရာမှာ ဆရာကျဖို့ဆိုရင် သုံးတဲ့ ကော်အမျိုးအစားနဲ့ သင့်လျော်မှု ရှိ၊ မရှိအပြင် ဘယ်လိုကော်အမျိုးအစားကိုသုံးသင့်လည်းဆိုတာ သိထားဖို့လိုလာပါပြီ။  

ဒါကြောင့်မို့ အခုတစ်ခါမှာတော့ Laminate ကပ်တဲ့နေရာမှာ သုံးတဲ့ ကော်အမျိုးအစားလေးတွေကို ဖော်ပြပေးသွားမှာပါ။  

Laminate ကပ်တဲ့အခါ  သုံးတဲ့ကော်အမျိုးအစားတွေထဲမှာ အကြမ်းဖျင်းအားဖြင့် Water-Based Adhesives (ကော်ဖြူ) နဲ့ Solvent Based Adhesives (ကော်ဝါ) ဆိုပြီး နှစ်မျိုးရှိပါတယ်။  

Water-Based Adhesives(ကော်ဖြူ) ကို Blockboard, Fingerjoint တွေရဲ့ သစ်တုံးလေးများဆက်ရာမှာ အသုံးများတာ တွေ့ရမှာပါ။  

ကော်ဖြူတွေနဲ့ Laminate ကပ်မယ်ဆိုရင်တော့ အခြောက်ခံချိန်ပိုပေးရပြီး၊ ကပ်တဲ့အခါမှာလည်း စက်နဲ့ Pressure ပေးတာမျိုးတွေလုပ်ပေးရပါတယ်။   

ဒါမှမဟုတ်ရင်တော့ လေခိုတာ၊ ကော်ကွာတာတွေ ဖြစ်နိုင်လို့ ဒီနိုင်ငံမှာတော့ Laminate ကပ်ရင် အသုံးနည်းပါတယ်။  

Solvent Based Adhesives (ကော်ဝါ)ကတော့ Laminate ကပ်တဲ့နေရာမှာ အသုံးများတဲ့ ကော်အမျိုးအစား ဖြစ်ပါတယ်။  

Solvent Based Adhesives (ကော်ဝါ)က ရာဘာကို အခြေခံထုတ်ထားတဲ့ ကော်အမျိုးအစားဖြစ်ပြီး Water-Based Adhesives(ကော်ဖြူ) ထက်လည်း ပိုပျစ်ပါတယ်။  

Laminate ကပ်သူများကတော့ ကော်ဆွဲကောင်းရန်အတွက် မပျစ်မကျဲကို ကြိုက်နှစ်သက်ကြပါတယ်။ 

Solvent Based Adhesives (ကော်ဝါ)က ခြောက်သွေ့ချိန်မြန်ပြီး မိနစ်ပိုင်းအတွင်း  Laminate တန်းကပ်နိုင်ပါတယ်။  

ကော်ကပ်အားကောင်းခြင်း၊ အချိန်ခဏအတွင်းကပ်နိုင်ခြင်း၊ အလွယ်တကူကပ်နိုင်ခြင်းများကြောင့် Laminate ကပ်တဲ့နေရာမှာ  Solvent Based Adhesives (ကော်ဝါ)ကို အသုံးများကြပါတယ်။  

ကဲ — ဒီလောက်ဆို Laminate ကပ်ဖို့ ဘယ် ကော်အမျိုးအစားက အသင့်တော်ဆုံးလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်။  

Solvent Based Adhesives ဖြစ်တဲ့ Xtra-Seal ကော်ကို ဝယ်ယူချင်တယ်ဆိုရင်တော့ City Depot ကိုသာ အရောက်လှမ်းခဲ့ပါ နော်။  

One-stop interior solutions.      

Hotline:   

☎️ 09 898 986660     

☎️ 09 898 770079  

☎️ 09 883 770081  

  Our channels:  

📌 Viber Link      >>>>>  s.citydepot.com.mm/Viber      

📌Telegram Link >>>>>  s.citydepot.com.mm/Telegram      

📌 TikTok Link     >>>>>  s.citydepot.com.mm/TikTok      

📌 Website Link   >>>>> citydepot.com.mm      

📌Youtube Link    >>>>> s.citydepot.com.mm/Youtube  

Our locations:  

📌 https://s.citydepot.com.mm/Locations              

#CityDepot #Laminate #Adhensives