မိတ်ဆွေတို့ရဲ့ Modern Furniture များနဲ့ Kitchen Counter များကို ပြည့်စုံစေမယ့် Drawer Slide (၈)မျိုး။ 

https://youtube.com/shorts/yeiBxzUyNIk?feature=share

အံဆွဲတွေ အသုံးပြုတဲ့အခါ ချောချောချူချူဖြစ်ဖို့နဲ့ ရေရှည်အသုံးခံဖို့အတွက် Drawer Slide တွေက အရေးကြီးပါတယ်။  

စျေးကွက်ထဲမှာ Drawer Slide တွေကို Brand အမျိူးမျိုး၊ ပုံစံအမျိုးမျိုးနဲ့တွေ့ရပြီး တစ်ခုချင်းစီမှာ အားသာချက်၊ အားနည်းချက်တွေ ရှိကြပါတယ်။  

ဒီနေ့မှာတော့ Drawer Slide အမျိုးအစား ဘယ်နှစ်မျိုးရှိလဲဆိုတာ ဖော်ပြပေးသွားမှာဖြစ်သလို အမျိုးအစားတစ်ခုချင်းစီရဲ့ အသုံးဝင်ပုံလေးတွေကိုလည်း ဝေမျှပေးမှာဖြစ်လို့ ဆက်လက်ဖတ်ရှုပေးကြပါဦးနော်။  

1. Side Mount  
Drawer & Cabinet ရဲ့ ဘေးဘက်တွင်တပ်ဆင်ရသော Slide အမျိုးအစားဖြစ်ပြီး၊ စျေးကွက်ထဲမှာ လူသုံးအများဆုံး Slide ဖြစ်ပါတယ်။  သတ္ထုဖြင့်ပြုလုပ်ထားပြီး အံဆွဲရဲ့ဘေးဘက်တွင် တပ်ဆင်အသုံးပြုရပါတယ်။ Kitchen & Cabinet တွေမှာ အသုံးများကြပါတယ်။  

2. Undermount  
အံဆွဲရဲ့ အောက်မှာ တပ်ဆင်အသုံးပြုရတဲ့ Slide အမျိုးအစားဖြစ်တာကြောင့် အံဆွဲဖွင့်တဲ့အခါမှာ Slide တွေကိုမြင်ရမှာ မဟုတ်ပါဘူး။  Soft-Close Mechanism ပါဝင်တဲ့အတွက် အံဆွဲ အဖွင့်၊ အပိတ်မှာ ညင်သာပြီး မလိုအပ်တဲ့ဆူညံသံတွေ မထွက်အောင်လည်း ထိန်းညှိပေးပါတယ်။   

3. Bottom Mount  
Bottom Mount ကတော့ Side Mount နဲ့ ဆင်ပါတယ်။  ဒါပေမဲ့ Side Mount က အံဆွဲဘေးမှာ တပ်ဆင်ရတာဖြစ်ပြီး၊ Bottom Mount Slides ကတော့ နာမည်အတိုင်း အံဆွဲရဲ့ အောက်ခြေမှာ တပ်ဆင်ရတာပဲဖြစ်ပါတယ်။  Side Mount Slides တွေထက် ပိုစျေးကြီးပေမဲ့၊ ပိုပြီးလည်း အကြမ်းခံပါတယ်။  

4. Push-to-Open 
Push-to-Open Slide တွေကတော့ Drawer Slide အမျိုးအစားထဲမှ အသစ်အဆန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အသုံးပြုသူက ဆွဲဖွင့်စရာမလိုဘဲ တွန်းလိုက်တာနဲ့ အံဆွဲတန်းဖွင့်တဲ့ Function အမျိုးအစား ဖြစ်ပါတယ်။  Modern ဆန်ပြီး Smooth ပိုဖြစ်တဲ့ Drawer Slide ဖြစ်ပြီး၊ ဒါကြောင့်လည်း ဒီ Slide တွေက စျေးနည်းနည်း ပိုကြီးတတ်ပါတယ်။   

5. Soft Close  
Soft Close တွေကတော့ အံဆွဲပိတ်တဲ့အခါ အညင်သာဆုံးနဲ့ အသံအလုံဆုံး ဖြစ်ပါတယ်။  အချိန်ကြာလာရင် ဖြစ်တတ်တဲ့ အံဆွဲအဖွင့်၊ အပိတ်တွေမှာ အသံကျယ်လောင်စွာထွက်တာ၊ အံမဝင်တာတွေကိုလည်း ကာကွယ်ပေးတာကြောင့် Luxury ဆန်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ Drawer Slide အဖြစ် သတ်မှတ်ခံထားရပါတယ်။  

6. Center-Mount 
Center-Mount Slide က အံဆွဲရဲ့ အလယ်ဗဟိုအောက်မှာ တပ်ဆင်ရတာပါ။ ဒါကြောင့် အံဆွဲ အလုပ်လုပ်ပုံက အ‌ရှေ့ကနေ အနောက်ကို သွားတဲ့ပုံစံဖြစ်ပါတယ်။  အများစုက Single Slide ဖြစ်ပြီး အံဆွဲအသေးတွေအတွက် အသုံးတည့်ပါတယ်။ Side Mount, Undermount Slide တွေလောက် အလေးချိန်မစီးပါဘူး။  သစ်သားနဲ့ ရှေးဟောင်းပရိဘောဂ ဖန်တီးသူတွေ သဘောကျတဲ့ Drawer Slide အမျိုးအစားပါ။  

7. Top Mount  
Top Mount Slide တွေကတော့ အံဆွဲရဲ့ ထိပ်မှာ တပ်ဆင်ရတာမို့ ဘေးဘက်၊ အောက်ခြေတွေမှာ နေရာလွတ်ထားချင်သူတွေအတွက် အလွန်သင့်လျော်ပါတယ်။  Pull-Out Tray, Kitchen Bin တွေမှာ အသုံးပြုကြတာတွေ့ရတတ်ပါတယ်။  

8. Self-Close  
Self-Close Slide တွေက အံဆွဲကို အနည်းငယ်တွန်းလိုက်တာနဲ့ လုံးဝအလိုအလျောက်ပိတ်သွားအောင် ပြုလုပ်ပေးတဲ့ Slide အမျိုးအစားဖြစ်ပါတယ်။  အံဆွဲကို လုံခြုံစွာပိတ်သွားစေတဲ့ စပရိန်နဲ့ ပြုလုပ်ထားလို့ တစ်ဝက်တစ်ပျက်ပိတ်သွားတာမျိုး၊ မတော်တဆ တိုက်မိ၊ ထိမိတာမျိုးမရှိ၊ အံဝင်ဂွင်ကျ ဖြစ်နေမှာပါ။  

ဒါဆိုရင်တော့ Drawer Slide အမျိုးအစားတွေ ဘယ်နှစ်မျိုးရှိတယ်၊ တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံ၊ အားသာချက်၊ အားနည်းချက်တွေကို သိကြပြီထင်ပါတယ်။  

မိမိရဲ့ Modern Furniture, Kitchen Counter များနဲ့ ကိုက်ညီမယ့် Drawer Slide တွေကို ရွေးချယ်နိုင်ပြီဆိုတော့ အရည်အသွေးကောင်းတဲ့ Core အမှတ်တံဆိပ် Drawer Slide များကို City Depot မှာ ရရှိနိုင်ပါတယ်နော်။  

One-stop interior solutions.       
#CityDepot #DrawerSlides